| Germany (N) vs Turkey |
|
01:15 AM 26/6/08
|
|
|
တူရကီမှာ ဒဏ်ရာနဲ့ ပွဲပယ်ပြဿနာကို ရင်ဆိုင်နေရပါတယ်။ တူရကီရဲ့ခပ်မာမာ ကစားကွက်တွေကြောင့် ကစားသမား အတော် များများဟာ အဝါကတ်၊ အနီကတ်တွေ ပြခံ ရလေ့ ရှိပါတယ်။ ဂျာမ နီမှာတော့ ဒီလိုပြဿနာမျိုးနဲ့ ကင်းရှင်းနေပါတယ်။ တူရကီရဲ့ တိုက်စစ် မှာရော ခံစစ်မှာပါ ပွဲပယ်ခံရတဲ့ ကစားသမားတွေများနေလို့ တူရကီရဲ့ ကစားကွက်ပိုင်းက အပြောင်းအလဲ အများကြီး ရှိနေ မှာပါ။ဒါပေမယ့် ခရိုအေးရှားနဲ့နေ့က ပွဲပယ်ခံထားရတဲ့ အော်ရယ်လီယို ဒီပွဲမှာ ပြန်ပါဝင်ခွင့် ရမှာပါ။ အော်ရယ်လီယိုပါလာရင်တော့ တူရကီရဲ့ ကွင်းလယ် ကစားကွက်၊ အထူးသဖြင့် ခံစစ်ပိုင်းက တောင့်တင်း လာနိုင်ပါတယ်။ ဂျာမနီ အနေနဲ့ ဆီမီးဖိုင်နယ်မှာ တူရကီနဲ့ တွေ့ရလို့ ဗိုလ်လုပွဲ လမ်းကြောင်း ချောင်ပြီလို့ မပြော နိုင်ပါဘူး။ ဒါပေမယ့် ဂျာမနီက အစဉ်အလာ၊ အတွေ့အကြုံနဲ့ သမ္ဘာ ပိုင်းမှာတော့ တူရကီထက် သာပါတယ်။ တစ်ခုရှိတာက တူရကီရဲ့ တိုက်စစ် ခြေစွမ်း မညံ့ပါဘူး။ ဂျာမနီအနေနဲ့ သတိထား ရမှာကတော့ ပွဲပြီးခါနီး အချိန်တွေမှာ တူရကီ အသင်းဟာ အမြဲ ဂိုးသွင်းနိုင်လေ့ ရှိတာပါပဲ။နောက်ပြီး ဂျာမနီ ရှုံးထားတဲ့ ခရိုအေးရှား အသင်းကို တူရကီ အနိုင် ရခဲ့ပါတယ်။ ဒီပွဲမှာ တူရကီ မမျှော်လင့်ပဲ နိုင်သွားနိုင်ပါတယ်။
|
|
|
AsianBookie Choice:
Germany
|
|
Phoewa Choice:
Turkey
|
|
|
|
| Spain (N) vs Russia |
|
01:15 AM 27/6/08
|
|
|
ရုရှားမှာ အာရှာဗင် ခြေစွမ်းပြနေလို့ တိုက်စစ် သိသိ သာသာ ကောင်းလာ ခဲ့ပါတယ်။ ရုရှားကို စပိန် ဒီတစ်ကြိမ် ထန်းချုပ်ဖို့ လွယ်မယ် မထင်ပါဘူး။ အုပ်စုပွဲမှာ အနိုင်ရထားလို့ လျှော့တွက်ခဲ့ရင် စပိန် ဒုက္ခရောက်နိုင်ပါတယ်။ ဒါပေမယ့် စပိန် အားအနည်းဆုံးက ခံစစ် ပိုင်းပါပဲ။ နည်းဗျူဟာ ပိုင်းအရ ကြည့်ရင်တော့ စပိန်ဟာ ရုရှားကို အသာ ရနိုင်တဲ့ အချက်တွေ ရှိပါတယ်။ အထူးသဖြင့် ရုရှားခံစစ်ပိုင်ကး နည်းဗျူဟာ ကျကျ မဟုတ်ဘဲ တစ်ကိုယ်တော် အစွမ်းနဲ့ ထိုးဖောက်တတ်တဲ့ တောရက်စ်၊ ဒေးဗစ်ဗီလာတို့ကို ထိန်းနိုင်ဖို့ မလွယ်ပါဘူး။ တောရက်စ်နဲ့ ဗီလာအတွဲကြောင့် စပိန်ဗိုလ်လုပွဲတတ်နိုင်မှာပါ။
|
|
|
AsianBookie Choice:
Russia
|
|
Phoewa Choice:
Man United
|
|
|
|
|
|
| ۩ Standing Table | |
|
|
| | |
| ۩ Match Time | |
|
Euro-2008
|
|
26th, June, 2008
|
|
01:15 AM
|
Germany (N) vs Turkey
|
|
18th, June, 2008
|
|
01:15 AM
|
Russia (N) vs Spain
|
|
|
more info »
|
|
|
|
|
|